ခေတ်မှီတဲ့ လူငယ်တိုင်းမှာ ရှိသင့်တဲ့ အရည်အသွေး (၆) ရပ်
ယနေ့ခေတ်မှာ လူငယ်တွေဟာ သင်ယူလိုစိတ်အရမ်းပြင်းပြပြီး စိတ်အားထက်သန်ကြတာကို တွေ့ရပါတယ်။ ဒီလို အပြိုင်အဆိုင်တွေအရမ်းများတဲ့ အခုလိုကာလမှာ လူငယ်တွေ မဖြစ်မနေ သိထားသင့်တဲ့ Skill ၆ခု ကို ပြောပြပေးချင်ပါတယ်။
(၁) Digital Literacy (ဒစ်ဂျစ်တယ် အသိပညာ)
ဒစ်ဂျစ်တယ် အသုံးအဆောင် / ပစ္စည်းနဲ့ နည်းပညာတွေကို ရင်းနှီးကျွမ်းဝင်တာ၊ အသုံးချတတ်တာကို Digital Literacy လို့ ခေါ်တာပါ။ အင်တာနက်ခေတ်၊ ဒစ်ဂျစ်တယ်ခေတ်ကို ရောက်လာတဲ့အခါမှာ Digital Literacy က မဖြစ်မနေလိုအပ်လာပါတယ်။ လူငယ်တွေအနေနဲ့ ဒစ်ဂျစ်တယ် နည်းပညာကို ကောင်းကောင်း အသုံးချနိုင်မယ်ဆိုရင် ကိုယ်သိချင်တာ၊ ကိုယ်လိုချင်တာကို ရှာဖွေနိုင်မယ်၊ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်မယ်၊ အဖွဲ့အစည်းတွေမှာ ပူးပေါင်းပါဝင်လာနိုင်မယ်၊ အလုပ်အကိုင်အခွင့်အလမ်းပိုရလာမယ် ၊ တခြားသူတွေကို ဝေမျှသင်ကြားပေးနိုင်တယ်၊ အမြင်ကျယ်လာပြီး အတွေးအခါ်ပိုမြင့်လာနိုင်မှာပါ။
(၂) Problem Solving Skills (ပြဿနာဖြေရှင်းနိုင်ခြင်း)
ကျောင်းသင်ခန်းစာမှာ အပြည့်အဝမသင်ခဲ့ရရင်တောင် လုပ်ငန်းခွင်မှာ မဖြစ်မနေလိုအပ်လာတာကတော့ Problem Solving Skill ပါပဲ။ ပြဿနာတစ်ခုကို ပညာသားပါပါနဲ့ ဘယ်လိုဖြေရှင်းနိုင်တယ်ဆိုတဲ့ Skill က အလုပ်မှာ နေရာရစေသလို ပြိုင်ဘက်တွေကြားထဲမှာလဲ ထူးခြားနေစေမှာပါ။ Problem Solving Skills ဆိုတာ လေ့ကျင့်ပေးလို့ရတဲ့ Soft Skills တစ်ခုဖြစ်သလို လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
(၃) Communication Skills
ဒီနေ့ခေတ်ရဲ့ လုပ်ငန်းခွင်မှာရော လူမှုဆက်ဆံရေးမှာပါ နောက်ထပ်လိုအပ်တဲ့ Skill တစ်ခုကတော့ Communication Skill ပါ။ လူငယ်တွေအနေနဲ့ Communication Skill အပြည့်အဝနဲ့ တစ်ဖက်သူကို နားထောင်ပေးဖို့၊ ကိုယ်ချင်းစာစိတ်နဲ့ ဖြည့်ဆည်းပေးဖို့၊ လိုက်လျောညီထွေစွာ ပေါင်းသင်းဖို့ ၊ Team Work ကောင်းကောင်းရှိဖို့… Social Skill တွေကောင်းမွန်ဖို့ တကယ်ကို လိုအပ်ပါတယ်။ ဒါဟာ လုပ်ငန်းခွင်ပျော်ရွှင်မှုနဲ့ ….Personal Development ကောင်းမွန်မှုအတွက် အရေးကြီးတဲ့ Skill တစ်ခုပါပဲ။
(၄) Time Management Skills
လုပ်စရာအလုပ်တွေအရမ်းများတဲ့အခါ သင်ဘာကို ဦးစားပေးမှာလဲ?? အလုပ်တွေ ဘယ်လောက်များများ အချိန်ကို ကောင်းစွာ စီမံခန့်ခွဲနိုင်တယ်… အလုပ်ကိုလဲ ရလဒ် ကောင်းကောင်းနဲ့ ပြီးစီးအောင် ဆောင်ရွက်နိုင်တယ်ဆိုတာ Time Management Skill ကောင်းမွန်လို့ပါ၊ Time Management ကောင်းတဲ့လူငယ်တွေဟာ အရာရာမှာ ရှေ့က တစ်ပန်းသာသလို အောင်မြင်မှုတွေလဲ ပိုပြီး သိမ်းပိုက်နိုင်တာကို တွေ့ရပါတယ်
(၅) Critical Thinking Skills (ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း)
ယနေ့အချိန်ခါမှာ သတင်းအချက်အလက်နည်းပညာတွေ အရမ်းတိုးတက်လာပြီး အမှန်အမှားရောထွေးလာတဲ့ အခြေအနေကို ရောက်လာပါပြီ။ ဒီလိုမျိုး အမှန်အမှားကို ဆင်ခြင်တွေးတော့နိုင်ဖို့ဆိုရင် Critical Thinking Skills က အရမ်းက်ု လိုအပ်လာပါပြီ။ အရင်ဆုံးသိမှတ်မယ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အတွေးနဲ့ ဆင်ခြင်မယ်၊ အသုံးချမယ်၊ ပြန်လည်သုံးသပ်မယ်၊ ပြန်လည်ခွဲခြမ်းစိတ်ဖြာပြီး ဆန်းစစ်မယ်… ဒီလို အဆင့်ဆင့်နဲ့ ဆက်စပ်တွေးခေါ်ဖို့ဆိုရင် Critical Thinking Skills ရှိဖို့ လိုပါတယ်။
(၆) Emotional Intelligence
အလွယ်ကူဆုံးပြောရမယ်ဆိုရင်တော့ Emotional Intelligence ဆိုတာ ကိုယ့်ရဲ့ စိတ်ခံစားမှုကို အလွယ်တကူထိန်းချုပ်နိုင်တဲ့ Skill ကို ဆိုလိုတာပါ။ တစ်ချိန်မှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာနိုင်တဲ့ လူငယ်တစ်ယောက်ဟာ Emotional Intelligence ကောင်းမွန်ဖို့လိုပါတယ်… ကိုယ့်ကိုယ်ကိုယ် သိမြင်မှု၊ Self Motivation ရှိမှု၊ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာခွဲခြားနိုင်မှု၊ တခြားသူအပေါ်မှာ အပြန်အလှန်လေးစားသမှု ထားနိုင်မှု စတာတွေက Emotional Intelligence ရဲ့ အရေးပါတဲ့ အချက်တွေပါပဲ။
ဒီ Skill ၆ ချက်ကို သေသေချာချာ သင်ယူတတ်မြောက်ထားမယ်ဆိုရင် လူငယ်တွေအနေနဲ့… ဘယ်လိုအခြေအနေကို ရောက်ရောက် ကိုယ့်ရဲ့ တာဝန်ကို အကောင်းဆုံး ဆောင်ရွက်နိုင်မှာ အသေချာပါပဲနော်…
ယုဝါ (ဆေးဝါးကျွမ်းကျင်)